တောလည် 13:28 - Common Language Bible28 သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible28 သို့ ရာ တွင် ပြည် သူ ပြည် သား တို့ သည် အား ကြီး ကြ ပါ၏။ မြို့ များ လည်း ကြီး ကျယ် သော ခံ မြို့ များ ဖြစ် ပါ၏။ ထို အ ရပ်၌ အာ န က အ မျိုး သား တို့ ကို တွေ့ ခဲ့ ရ ကြ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible28 သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။