Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 13:20 - Common Language Bible

20 ထို​ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​သည်​မ​ထက် သန်​သည် တော​ထူ​ထပ်​သည်​မ​ထူ​ထပ်​သည်​ကို လည်း​စုံ​စမ်း​ထောက်​လှမ်း​လော့။ ထို​ပြည်​မှ​ထွက် သော​သစ်​သီး​အ​ချို့​ကို​လည်း​ယူ​ခဲ့​လော့'' ဟု မှာ​ကြား​လေ​သည်။ (ထို​အ​ချိန်​သည်​စ​ပျစ် သီး​မှည့်​စ​အ​ချိန်​ဖြစ်​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 မြေ သြ ဇာ ရှိ သည် မ ရှိ သည် ကို လည်း ကောင်း၊ သစ် ပင် ပေါ သည်၊ မ ပေါ သည် ကို လည်း ကောင်း ကြည့် ရှု၍ ထို ပြည် ထွက် အ သီး ကို ဆောင် ခဲ့ ရန် လုံ့ လ ထုတ် ကြ လော့ ဟု မှာ လိုက် လေ၏။ ထို ကာ လ သည် စ ပျစ် သီး မှည့် စ ရာ သီ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​မြေ​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ တော​များ​သ​လော၊ နည်း​သ​လော​ဟု ကြည့်​ရှု​ကြ​လော့။ ရဲ​ရင့်​သော​စိတ် ရှိ​ကြ​လော့။ သစ်​သီး​အ​ချို့​ကို​လည်း ယူ​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​လေ၏။ ထို​ကာ​လ​သည် စ​ပျစ်​သီး​မှည့်​စ ကာ​လ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို​ပြည်​သည် ကြွယ်ဝ​သလော​၊ ဆင်းရဲ​သလော​။ ထို​ပြည်​ထဲ၌ အပင်​ရှိ​သလော​၊ မ​ရှိ​သလော စသည်​ဖြင့် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ သင်​တို့​သည် ရဲရင့်​ခြင်း​ရှိ​ရ​မည်​။ ထို​ပြည်​မှ အသီး​အချို့​ကို​ယူဆောင်​လာ​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ထို​အချိန်​သည် စပျစ်သီး အဦးဆုံး​မှည့်​သော​အချိန်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 13:20
19 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​ဆက်​၍``ငါ့​သား၊ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့် အ​တူ​ရှိ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့် အ​တိုင်း​သင်​သည်​ကိုယ်​တော်​အ​ဖို့​ဗိ​မာန် တော်​ကို​အောင်​မြင်​စွာ​တည်​ဆောက်​နိုင်​ပါ စေ​သော။-


ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။


အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ​သည် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​ကျယ်​ပြန့် စို​ပြေ​သည့် ပြည်​တော်​တွင်​နေ​ထိုင်​ရ​စဉ်​အ​ခါ​၌ ကိုယ်​တော်​၏​ကောင်း​ချီး​ခံ​စား​ရ​သည်​နှင့်​အညီ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အုပ်​စိုး​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို မ​ကြဉ်​မ​ရှောင်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​လည်း မ​ဆောင်​ရွက်​ကြ။


တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-


သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။


မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-


ထို​ပြည်​သည်​နေ​ထိုင်​ဖွယ်​ကောင်း​သည်​မ​ကောင်း သည်​ကို​လည်း​ကောင်း၊ မြို့​များ​သည်​တံ​တိုင်း အ​ကာ​အ​ရံ​ရှိ​သည်​မ​ရှိ​သည်​ကို​လည်း ကောင်း​စုံ​စမ်း​ထောက်​လှမ်း​လော့။-


သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။-


သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။


ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။


သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-


သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။


ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-


ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ