Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:8 - Common Language Bible

8-9 ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 လှည့် လည် ကောက် ယူ ကြ ပြီး လျှင် ကြိတ် ခြင်း၊ ထောင်း ခြင်း ကို ပြု လျက် ချက် ပြုတ် ပေါင်း လုပ် ကြ သော် ဆီ ကြော် မုန့် အ ရ သာ နှင့် တူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​များ​တို့​သည်​လှည့်​လည်​လျက် မ​န္န​ကို​စု​သိမ်း၍ ဆုံ၌​ကြိတ်​ခြင်း၊ ထောင်း​ခြင်း​ကို​ပြု​ပြီး​မှ အိုး​နှင့်​ပြုတ်​ကြ၏။ မုန့်​ပြား​ကို​လည်း လုပ်​ကြ၏။ အ​ရ​သာ​သည် မုန့်​ဆီ​ကြော်​အ​ရ​သာ​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လူ​တို့​သည် မန္နမုန့်​ကို လှည့်လည်​ကောက်ယူ​ကြ​ပြီး ကြိတ်ဆုံ​နှင့် ကြိတ်​ကြ​၏​၊ သို့မဟုတ် ဆုံ​နှင့် ထောင်း​ကြ​၏​။ ပြီးမှ အိုး​ထဲ ထည့်ပြုတ်​ပြီး မုန့်ပြား​လုပ်​ကြ​၏​။ အရသာ​သည် ဆီကြော်မုန့်​အရသာ​နှင့်​တူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:8
9 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-


မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-


ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-


(မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-


ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။


ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ