Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 10:30 - Common Language Bible

30 ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 နေ ရင်း ပြည်၊ ဆွေ မျိုး သား ချင်း ရှိ ရာ သို့ ပြန် တော့ မည် ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ဟော​ဗပ်​က ငါ​မ​လိုက်​မ​သွား​ပါ၊ ငါ့​နေ​ရင်း​ပြည်၊ ငါ့​အ​ဆွေ​အ​မျိုး​ရှိ​ရာ​သို့ ပြန်​သွား​ပါ​မည်​ဟု မော​ရှေ​အား​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သို့သော် ဟောဗပ်​က “​ငါ​မ​လိုက်​ပါ​။ ငါ့​ပြည်​၊ ငါ့​လူမျိုး​တို့​ရှိ​ရာ​သို့​သာ ငါ​ပြန်သွား​မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 10:30
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​၏​တိုင်း ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​နှင့်​သင်​၏​ဖ​ခင် အိမ်​ကို​စွန့်​ခွာ​၍ ငါ​ညွှန်​ပြ​မည့်​ပြည်​သို့​သွား လော့။-


သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။


အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။ သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။


ထို​နောက်​ယေ​သ​ရော​သည် မော​ရှေ​အား​နှုတ် ခွန်း​ဆက်​သ​၍ မိ​မိ​၏​နေ​ရပ်​သို့​ပြန်​သွား လေ​သည်။


ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-


သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-


``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-


ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-


အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-


မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ