တိတု 1:10 - Common Language Bible10 ထိုတရားကိုတော်လှန်ကာအကျိုးမဲ့သည့် စကားများအားဖြင့်လှည့်စားတတ်သူအများ အပြားပင်ရှိ၏။ အထူးသဖြင့်ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာသူတို့ အထဲတွင်ရှိပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible10 သ ဘော ခက် မာ သူ၊ စည်း ကမ်း လွတ် ပြော ဆို သူ၊ လိမ် လည် သူ တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ တွင် အ ထူး သ ဖြင့် များ ပြား ၍၊ အခန်းကိုကြည့်ပါ။Judson Bible10 အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အကြောင်းမူကား နာခံမှုမရှိသောသူ၊ အကျိုးမဲ့စကားပြောဆိုသောသူနှင့် လိမ်လည်သောသူ များစွာရှိကြ၏။ အထူးသဖြင့် အရေဖျားလှီးထားသောသူတို့ထဲတွင်ရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သောစကားများပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် အရေပြားလှီးခြင်းမင်္ဂလာခံယူခြင်းကို တိုက်တွန်းသူများထဲတွင် ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-
သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
(``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')