တမန်တော်ဝတ္ထု 8:18 - Common Language Bible18-19 ဤသို့တမန်တော်တို့၏လက်တင်ခြင်းကို ခံရသောအားဖြင့် ထိုသူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူရရှိကြောင်းကိုရှိမုန် မြင်လျှင်``အကျွန်ုပ်လက်တင်သောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေ နိုင်သောတန်ခိုးကိုအကျွန်ုပ်အားလည်းပေး ပါ'' ဟုဆိုကာတမန်တော်တို့အားငွေကို ပေး၏။ အခန်းကိုကြည့်ပါ။Garrad Bible18-19 ရှိ မုန် လည်း တ မန် တော် တို့ လက် တင် ခြင်း အား ဖြင့် ဝိ ညာဉ် တော် ခံ ရ ကြ သည် ကို သိ မြင် သော် မည် သူ့ အ ပေါ်၌ မ ဆို ကျွန် တော် လက် တင် လျှင် သန့် ရှင်း သော ဝိ ညာဉ် တော် ခံ ရ စေ ခွင့် တန် ခိုး ကို ပေး ပါ ဟု လျှောက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible18 တမန်တော်တို့ လက်ကိုတင်သောအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လက်ခံရရှိကြောင်း ရှိမုန်မြင်သောအခါ သူသည် တမန်တော်တို့အား ငွေပေး၍ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။