တမန်တော်ဝတ္ထု 5:4 - Common Language Bible4 သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible4 လက် ဝယ် မြေ ရှိ စဉ် ကိုယ် ပိုင် မ ဟုတ် လော၊ ရောင်း ပြီး နောက် ရ ငွေ လည်း ကိုယ့် ပ စ္စည်း မ ဟုတ် လော။ သို့ ဖြစ် လျက် သင့် စိတ် တွင် အ ဘယ့် ကြောင့် ဤ သို့ ကြံ စည် သ နည်း။ သင် သည် လူ ကို သာ မ ဟုတ်၊ ဘု ရား သ ခင် ကို မု သာ ပြော လေ ပြီ ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုမြေကို မရောင်းဘဲရှိစဉ် သင်ပိုင်သည်မဟုတ်လော။ မရောင်းဘဲထားလျှင်လည်း သင်၏ဥစ္စာပင်ဖြစ်သည် မဟုတ်လော။ ထိုမြေကို ရောင်းချပြီးလျှင်လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့သော်လည်း သင်၏စိတ်နှလုံးထဲ၌ ဤမကောင်းမှုကို အဘယ်ကြောင့် ကြံစည်ရသနည်း။ သင်သည် ငါတို့ကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကို လှည့်စားပြီ” ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။