တမန်တော်ဝတ္ထု 26:15 - Common Language Bible15 ထိုအခါအကျွန်ုပ်က `အရှင်၊ အရှင်သည် အဘယ်သူဖြစ်ပါသနည်း' ဟုမေးလျှောက် ပါ၏။ ထိုအရှင်က `ငါကားသင်နှိပ်စက်ညှဉ်း ဆဲနေသည့်ယေရှုတည်း။- အခန်းကိုကြည့်ပါ။Garrad Bible15 ကျွန် တော် က မည် သူ ပါ မည် နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် အ ရှင် ဘု ရား က ငါ ကား သင် ညှဉ်း ပန်း သော ယေ ရှု ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှောက်လျှင် သခင်ဘုရားက‘ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထိုအခါ အကျွန်ုပ်က ‘သခင်… ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ ဟု မေးလျှောက်ပါ၏။ သခင်ဘုရားက ‘ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသောယေရှုဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။