တမန်တော်ဝတ္ထု 17:27 - Common Language Bible27-28 ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်ကိုတွေ့လို တွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန်ပင် ဖြစ်၏။ သို့ရာတွင်၊ `ငါတို့သည်ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏' ဟူ၍ပ္ဂိုလ်တစ်ဦးကဆိုသည့်အတိုင်းဘုရား သခင်သည်အမှန်အားဖြင့် ငါတို့တစ်ဦးတစ် ယောက်နှင့်မျှဝေးတော်မူသည်မဟုတ်။ သင်တို့ ၏လင်္ကာဆရာအချို့တို့က၊ `ငါတို့သည်လည်းကိုယ်တော်၏ သားသမီးများဖြစ်ကြ၏' ဟုစပ်ဆိုသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible27 နောက် တော် သို့ စမ်း သပ် လိုက် သ ဖြင့် ရှာ ဖွေ၍ တွေ့ ကောင်း တွေ့ ကြ ရ စေ ခြင်း ငှါ တည်း။ ကိုယ် တော် သည် ငါ တို့ အ သီ အ သီး ထံ မှ ဝေး ကွာ စွာ စံ နေ တော် မူ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible27 အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဤသို့ပြုခြင်းမှာ လူတို့သည် ဘုရားသခင်ကို လိုက်စမ်း၍ တွေ့လိုတွေ့ငြား ရှာဖွေကြစေရန် အတွက်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်စုံတစ်ဦးနှင့်မျှ ဝေးကွာတော်မူသည်မဟုတ်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ဤသို့ပြုသည်မှာ လူတို့သည် ဘုရားသခင်ကို တွေ့လိုတွေ့ငြား စမ်းသပ်ရှာဖွေကြစေရန်အတွက် ဖြစ်၏။ သို့ရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဝေးကွာနေသည်မဟုတ်ပါ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။-
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-