တမန်တော်ဝတ္ထု 13:40 - Common Language Bible40-41 ပရောဖက်ကျမ်းများတွင်၊ `ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊ သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်' ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible40-41 ပ ရော ဖက် ကျမ်း၌ အ ချင်း မ ထီ မဲ့ မြင် ပြု သူ တို့၊ ရှု ကြည့် အံ့ သြ လျက် ပျက် ယွင်း ကြ လော့။ ကြား၍ မ ယုံ နိုင် သော အ မှု ကို သင် တို့ လက် ထက်၌ ပင် ငါ စီ ရင် မည် ဟု လာ ရှိ သည့် အ တိုင်း ကိုယ့် အ ပေါ် သို့ မ သင့် စေ ရန် သ တိ ပြု ကြ လော့ ဟူ၍ ဟော ပြော လေ၏။ အခန်းကိုကြည့်ပါ။Judson Bible40 အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40-41 သို့ဖြစ်၍ ‘မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုလျက်အံ့ဩကြကာ ပျက်စီးခြင်းသို့ရောက်ကြလော့။ အကြောင်းမူကား ငါသည် သင်တို့လက်ထက်၌ အမှုတစ်ခုကို ပြုလုပ်မည်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား အကုန်အစင်ပြောပြသော်လည်း သင်တို့သည် လုံးဝယုံကြည်ကြမည်မဟုတ်’ဟု ပရောဖက်များအားဖြင့် မိန့်တော်မူထားသောအရာသည် သင်တို့အပေါ် မသက်ရောက်မည့်အကြောင်း သတိပြုကြလော့”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း40 ထို့ကြောင့် ပရောဖက်များဟောပြောခဲ့သည့်အရာသည် သင်တို့တွင် မဖြစ်စေရန် သတိပြုကြလော့။ ထိုပရောဖက်များ ဟောပြောသည်မှာ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။