ဇာခရိ 8:2 - Common Language Bible2 အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဇိအုန် မြို့သူမြို့သားတို့အပေါ်၌ငါထားရှိသည့် နက်နဲသောမေတ္တာကြောင့်သူတို့၏ရန်သူများ အပေါ်အမျက်ထွက်စေသည့် ငါ၏မေတ္တာကို ထောက်၍ငါသည်ထိုမြို့အားကူမရန် တောင့်တလျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ငါ သည် ဇိ အုန် မြို့ ကို ထောက်၍၊ အား ကြီး သော စိတ်၊ ထက် သန် သော စေ တ နာ ကြောင့် အ မျက် တော် ထား သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဖို့ အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဖို့ စိတ်အားကြီးပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါသည် ဇိအုန်မြို့ကို အလွန်ကြင်နာ၏။ ပြင်းစွာအမျက်ထွက်သည့်တိုင်အောင် ကြင်နာ၏’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-