ဇာခရိ 5:9 - Common Language Bible9 ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ငါ မော် ကြည့် ပြန် သော်၊ ငှက် ကျား တောင် သ ဖွယ်၊ အ တောင် ဖြင့် ခတ် ဝဲ သော မိန်း မ နှစ် ယောက် ပေါ် လာ၍၊ ထို တင်း တောင်း ကို မိုး မြေ စပ် ကြား သို့၊ ချီ မြှောက် ကြ သည် ကို မြင် ရ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible9 တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 တစ်ဖန် ငါမျှော်ကြည့်လျှင် မိန်းမနှစ်ယောက် ပေါ်လာသည်ကို မြင်ရ၏။ သူတို့သည် လေဟုန်စီးပြီး ပျံဝဲလာ၏။ ထိုတောင်ပံများသည် ငှက်ကျားတောင်ပံနှင့် တူ၏။ သူတို့သည် ဧဖာကို ချီပြီး မြေကြီးနှင့် ကောင်းကင်ကြားသို့ ပျံသန်းသွားကြ၏။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-