Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 2:2 - Common Language Bible

2 သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​သော​အ​ခါ၊ ထို​သူ​က``ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ပါ​မည်။ ထို မြို့​သည်​အ​လျား​အ​နံ​မည်​မျှ​ရှိ​သည်​ကို​တိုင်း ထွား​၍​ကြည့်​ရန်​ဖြစ်​ပါ​၏'' ဟု ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ဘယ် သို့ သွား မည် နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ ရာ အ နံ အ လျား ကို၊ တိုင်း တာ သိ မှတ် ရန် သွား မည် ဟု ပြန် ဆို သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု ထို​သူ​အား​မေး​သော်၊ ယေ​ရု​ရှ​လင်​မြို့ အ​လျား​အ​နံ​ကို​သိ​လို၍ မြို့​ကို တိုင်း​ခြင်း​ငှာ​သွား​သည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ငါ​က “​အဘယ်​အရပ်​သို့ သွား​မည်နည်း​”​ဟု မေး​လျှင် သူ​က “​ဂျေရုဆလင်​မြို့​၏​အလျား​အနံ​မည်မျှ​ရှိ​သည်​ကို သိ​နိုင်​ရန် သွား​၍​တိုင်း​မည်​”​ဟု ငါ့​အား ဖြေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 2:2
10 ပူးပေါင်းရင်းမြစ်များ  

နယ်​နိ​မိတ်​သတ်​မှတ်​သည့်​မျဉ်း​သည်​ထို​အ​ရပ်​မှ အ​စ​ပြု​၍ အ​နောက်​ဘက်​ဂါ​ရက်​တောင်​ကုန်း​သို့ တိုင်​အောင်​ရောက်​ရှိ​လျက်​ဂေါ​သ​တောင်​ကို​ဝိုင်း မိ​လိမ့်​မည်။-


ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။


မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။


ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။


ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊


ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။-


ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား တိုင်း​တာ​ရန် ကူ​ရိုး​တစ်​ချောင်း​ကို​ပေး​ပြီး လျှင်``ထ​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​ကို​တိုင်း​လော့။ ထို​အ​ရပ်​တွင်​ဝတ် ပြု​ကိုး​ကွယ်​နေ​သူ​တို့​ကို​လည်း​ရေ​တွက် လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ