Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 94:18 - Common Language Bible

18 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ခြေ​ချော်​၍​လဲ​ပြီ​ဟု ထင်​ရ​သော​အ​ခါ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကျွန်​တော်​မျိုး​အား​ချီ​ပင့်​ထား​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ခြေ ချော် လျက် ရှိ ပါ သည် ဟု အ ကျွန်ုပ် အောက် မေ့ သော်၊ က ရု ဏာ တော် ထောက် ခံ ပါ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 “​ငါ့​ခြေ​ချော်​ပြီ​”​ဟု အကျွန်ုပ်​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 94:18
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။


ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။


ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ ရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။


သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါ မောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။ ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။


မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။


သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။


သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။


``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ