Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 94:10 - Common Language Bible

10 လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 လူ တို့ အား အ သိ ပညာ သွန် သင် လျက်၊ လူ့ မျိုး ခြား တို့ ဆုံး မ သော အ ရှင် သည်၊ ဆုံး မ ခွင့် ရ တော် မ မူ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 လူ​အ​မျိုး​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သော​သူ​သည် အ​ပြစ်​မ​ပေး​ရ​သ​လော။ လူ​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် ကိုယ်​တိုင်​ပ​ညာ​အ​တတ် မ​ရှိ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 လူမျိုးတကာ​တို့​ကို ပဲ့ပြင်​သော​အရှင်​၊ လူ​ကို အသိပညာ​သင်ကြား​ပေး​သော​အရှင်​သည် မ​ဆုံးမ​ဘဲ​နေ​တော်မူ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 94:10
23 ပူးပေါင်းရင်းမြစ်များ  

လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။


ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။


မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။


ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို ကိုး​စား​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို ပေး​တော်​မူ​ပါ။


ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ဘု​ရား​မဲ့​သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​အ​မျိုး​သည်​တိမ်​ကော​သွား​လိမ့်​မည်။


အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။


သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''


ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-


ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-


``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။ သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။-


ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-


ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ