ဆာလံ 83:14 - Common Language Bible14 သစ်တောကိုကျွမ်းလောင်စေသည့် မီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းများကိုကျွမ်းလောင်စေသည့် မီးတောက်မီးလျှံကဲ့သို့လည်းကောင်း အခန်းကိုကြည့်ပါ။Garrad Bible14 တော ကို ကျွမ်း သော မီး ကဲ့ သို့ လည်း ကောင်း၊ တောင် ကို လောင် သော မီး လျှံ ကဲ့ သို့ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 တောကို မီးရှို့သကဲ့သို့လည်းကောင်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 မီးသည် တောကိုလောင်သကဲ့သို့လည်းကောင်း၊ မီးလျှံသည် တောင်ကို လောင်ကျွမ်းသကဲ့သို့လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။