Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 80:17 - Common Language Bible

17 ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင် ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ညာ လက် တော် ဖြင့် ရွေး ကောက် သော လူ၊ ကိုယ် တော် တိုင် အ ဖို့ သန် စွမ်း စေ သော လူ့ သား အ ပေါ် မှာ၊ လက် တော် ကို မိုး ထား တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လက်​ယာ​လက်​တော်​နှင့် ဆိုင်​သော​လူ၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော လူ​သား၏​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌​ရှိ​သော​လူ​တည်းဟူသော ကိုယ်တော်တိုင်​အတွက် ကြံ့ခိုင်​စေ​တော်မူ​သော လူ့​သား​အပေါ် တည်​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 80:17
8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။


ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင် အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။


သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။


သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။


အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။


လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ