ဆာလံ 75:9 - Common Language Bible9 သို့ရာတွင်ငါမူကားယာကုပ်၏ ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုမည်။ အခန်းကိုကြည့်ပါ။Garrad Bible9 ငါ မူ ကား၊ အ စဉ် မ ပြတ် ပြန် ကြား၍၊ ယာ ကုပ်၏ ဘု ရား သ ခင် အား ကျူး ဧ ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible9 ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ငါမူကား ကိုယ်တော်အကြောင်းကို အစဉ်အမြဲပြောကြား၍ ယာကုပ်၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။