ဆာလံ 71:5 - Common Language Bible5 အို အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုမျှော်ကိုး ပါ၏။ ငယ်ရွယ်စဉ်အခါမှစ၍ကိုယ်တော်ရှင်အား ကိုးစားခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် မျှော် လင့် ရာ၊ ငယ် ရွယ် က စ၍၊ အ ကျွန်ုပ် ကိုး စား ရာ ဖြစ် တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မျှော်လင့်ရာဖြစ်ပါ၏။ အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်၏ကိုးစားရာဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-