ဆာလံ 7:5 - Common Language Bible5 ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍မီကာသတ်ဖြတ်နိုင်လျက် ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြပါစေ။ အခန်းကိုကြည့်ပါ။Garrad Bible5 ရန် သူ သည် အ ကျွန်ုပ် ကိုယ် ကို အ မှီ လိုက်၍၊ အ သက် ကို မြေ ကြီး ရောက် ဖိ နင်း ခွင့်၊ ဂုဏ် အ သ ရေ ကို မြေ မှုန့် ၌ ချ ထား ခွင့် ရ ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible5 ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍မီပါစေ။ အကျွန်ုပ်၏အသက်ကို မြေပေါ်မှာနင်းချေပါစေ။ အကျွန်ုပ်၏ဘုန်းအသရေကိုလည်း မြေမှုန့်ထဲမှာချထားပါစေ။(စေလာ) အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-