ဆာလံ 68:1 - Common Language Bible1 ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ဘု ရား သ ခင် ထ တော် မူ သော်၊ ကိုယ် တော် အား ရန် ပြု သူ တို့ ကွယ် လွင့် လျက်၊ မုန်း ထား သူ တို့ လည်း မျက် မှောက် တော် မှ ဆုတ် ပြေး ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသောသူတို့သည် အထံတော်က ပြေးကြပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်ထတော်မူသောအခါ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်သွားကြလိမ့်မည်။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော်၏ရှေ့မှထွက်ပြေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-
ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။