Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 55:12 - Common Language Bible

12 အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည် ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။ ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ့ ကို ကဲ့ ရဲ့ သူ သည် ရန် သူ မ ဟုတ်။ ဟုတ် ခဲ့ လျှင် သည်း ခံ နိုင် လေ ပြီ။ တစ် ဘက်၌ ဝါ ကြွား သူ သည် မုန်း ထား သူ မ ဟုတ်။ ဟုတ် ခဲ့ လျှင် ငါ လွှဲ ရှောင် ၍ နေ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ့​ကို​ကဲ့​ရဲ့​သော​သူ​သည် ငါ့​ရန်​သူ​မ​ဟုတ်။ ဟုတ်​လျှင် သည်း​ခံ​နိုင်၏။ ငါ့​ကို​ရန်​ဘက်​ပြု​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်။ ဟုတ်​လျှင် ထို​သူ​ကို​ငါ​ရှောင်​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အမှန်စင်စစ် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​သည် ရန်သူ​မ​ဟုတ်​။ ဟုတ်​လျှင် ငါ​ခံနိုင်​ခဲ့​ပေ​လိမ့်မည်​။ ငါ့​တစ်ဖက်​၌ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်​။ ဟုတ်​လျှင် သူ​မ​မြင်​အောင် ငါ​ပုန်းရှောင်​ခဲ့​ပေ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 55:12
7 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။


ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ ရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။


ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။


``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ