ဆာလံ 51:4 - Common Language Bible4 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ကိုယ် တော် ကို သာ ပြစ် မှား၍၊ မျက် မှောက် တော်၌ မ ကောင်း မှု ကို ပြု မိ ပါ ပြီ။ သို့ ဖြစ်၍ မိန့် တော် မူ ရာ၌ ဖြောင့် မှန် တော် မူ ကြောင်း၊ စီ ရင် ဆုံး ဖြတ် တော် မူ ရာ၌၊ သန့် ရှင်း တော် မူ ကြောင်း ထင် ရှား လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။ အခန်းကိုကြည့်ပါ။ |
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော်``သူ့အိမ်ရာကိုမပြစ် မှားနှင့်'' ဟုမိန့်တော်မူသောအရှင်သည် ``သူ့ အသက်ကိုမသတ်နှင့်'' ဟုလည်းမိန့်တော်မူ သောကြောင့်ဖြစ်၏။ သင်သည်သူ့အိမ်ရာကို မပြစ်မှားဘဲနေကောင်းနေလိမ့်မည်။ သို့ရာ တွင်လူ့အသက်ကိုသတ်ပါမူပညတ်တော် ကိုချိုးဖောက်ရာရောက်၏။-