Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 49:16 - Common Language Bible

16 လူ​တစ်​စုံ​တစ်​ယောက်​သည်​ချမ်း​သာ​ကြွယ်​ဝ​ကာ သူ​၏​စည်း​စိမ်​ဥစ္စာ​သည်​လည်း​ပို​၍​ပင် တိုး​ပွား​လာ​သော​အ​ခါ​သင်​သည် စိတ်​မ​ကောင်း​မ​ဖြစ်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 တစ် ဦး ဦး ရ တတ် ၍၊ အိမ် စည်း စိမ် တိုး တက် သော်၊ မ ကြောက် ပါ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သူ​တစ်​ပါး​သည် ဥ​စ္စာ​ကြွယ်​ဝ၍၊ အိမ်၏​ဂုဏ်​အ​သ​ရေ​တိုး​ပွား​သော​အ​ခါ သင်​သည် မ​စိုး​ရိမ်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 လူ​တစ်​ဦး​သည် ချမ်းသာကြွယ်ဝ​လာ​၍ သူ့​အိမ်​၏​ဘုန်းစည်းစိမ်​တိုးပွား​လာ​သောအခါ သင်​သည် မဝံ့မရဲ​မ​ဖြစ်​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 49:16
10 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​၏​သား​တို့​က``ငါ​တို့​၏​ဖ​ခင်​ပိုင်​သ​မျှ ပစ္စည်း​တို့​ကို​ယာ​ကုပ်​ယူ​သွား​လေ​ပြီ။ ဖ​ခင်​ပိုင် ဆိုင်​သော​ပစ္စည်း​ဖြင့်​သူ​၌​စီး​ပွား​တက်​လာ​ပြီ'' ဟူ​၍​ပြော​ဆို​သံ​ကို​ယာ​ကုပ်​ကြား​သိ​ရ​လေ သည်။-


ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-


သူ​ယုတ်​မာ​တို့​၏​အ​တွက်​ကြောင့်​စိုး​ရိမ်​ပူ​ပန်​မှု မ​ဖြစ်​နှင့်။


ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။


ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အား ဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။


ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။


ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။-


လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-


လူ​မျိုး​တ​ကာ​တို့​သည်​မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ နှင့်​စည်း​စိမ်​ဥစ္စာ​များ​ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ