ဆာလံ 40:11 - Common Language Bible11 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ် သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည် ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အို ထာဝရဘုရား၊ အကျွန်ုပ်အား သနားစုံမက်ခြင်းကို ချုပ်တည်းတော်မမူပါနှင့်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားသည် အကျွန်ုပ်ကို အစဉ်ကာကွယ်စောင့်ရှောက်ပါစေသော။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-