ဆာလံ 30:4 - Common Language Bible4 ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသော အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible4 ထာ ဝ ရ ဘု ရား အား ကြည် ညို သူ တို့ ကျူး ဧ လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-