ဆာလံ 28:3 - Common Language Bible3 မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူ ကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 မ ကောင်း ကြံ စည် လျက် ပင်၊ အ ပေါင်း အ ဖော် အား လော က ဝတ် စ ကား ပြော ဆို သော လူ ဆိုး တို့၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ နှင့် အ တူ၊ အ ကျွန်ုပ် ကို ထုတ် သွား တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible3 အိမ်နီးချင်း၏အကျိုးကို ဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ်သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 မိမိတို့၏အိမ်နီးချင်းများအား ငြိမ်းချမ်းစွာပြောဆိုတတ်သော်လည်း မိမိတို့စိတ်နှလုံး၌ မကောင်းမှုများရှိကြသည့် ဆိုးယုတ်သောသူများ၊ အပြစ်ဒုစရိုက်ပြုသောသူများနှင့်အတူ အကျွန်ုပ်ကိုဆွဲခေါ်သွားတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-