ဆာလံ 18:36 - Common Language Bible36 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အဖမ်းမခံရအောင်ကွယ်ကာတော်မူ၏။ ကျွန်တော်မျိုးသည်လည်းအဘယ်အခါ၌မျှ အရေးမရှုံးနိမ့်ခဲ့ပါ။ အခန်းကိုကြည့်ပါ။Garrad Bible36 နင်း ရာ ပြန့် စေ တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် ခြေ မ ချော် ခဲ့ ရ ပါ။ အခန်းကိုကြည့်ပါ။Judson Bible36 အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။