ဆာလံ 132:9 - Common Language Bible9 ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible9 ကိုယ် တော်၏ ပ ရော ဟိတ် တို့ သည်၊ ဖြောင့် မတ် ခြင်း ကို ဆင် ယင်၍၊ ကြည် ညို သူ တို့ သည် ကြွေး ကြော် ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible9 ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းတန်ဆာကိုဆင်၍၊ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ရကြပါစေသော။ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ အခန်းကိုကြည့်ပါ။ |
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-