ဆာလံ 116:8 - Common Language Bible8 ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။ အခန်းကိုကြည့်ပါ။Garrad Bible8 အ ကျွန်ုပ် အ သက် ကို သေ ဘေး မှလည်း ကောင်း၊ မျက် စိ များ ကို မျက် ရည် မှလည်း ကောင်း၊ ခြေ များ ကို ခ လုတ် မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှလည်းကောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။