ဆာလံ 11:7 - Common Language Bible7 ထာဝရဘုရားသည်ဖြောင့်မှန်တော်မူ၍ အကျင့်ကောင်းကိုနှစ်သက်တော်မူ၏။ အကျင့်ကောင်းကိုပြုသူတို့သည်ကိုယ်တော်၏ မျက်နှာတော်ကိုဖူးမြင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible7 ဖြောင့် မတ် တော် မူ သည့် အ လျောက်၊ ဖြောင့် မတ် ခြင်း ကို နှစ် သက် တော် မူ သော ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို၊ ဖြောင့် မတ် သူ သာ ဖူး မျှော် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကိုနှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကို နှစ်သက်တော်မူ၏။ ဖြောင့်မှန်သောသူသည် မျက်နှာတော်ကိုဖူးမြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-