ဆာလံ 104:5 - Common Language Bible5 ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible5 မြေ ပ ထ ဝီ ကို၊ မည် သည့် မျှ ကာ လ မျှ မ လှုပ် ရှား နိုင် သော အ မြစ် ပေါ် တွင်၊ တည် တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 မြေကြီးကို ၎င်း၏အုတ်မြစ်များပေါ်တွင် တည်ထားတော်မူ၍ ၎င်းသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။