ဆာလံ 101:6 - Common Language Bible6 ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။ သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။ လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ပြည် တော် ရှိ သ စ္စာ စောင့် သူ တို့ ကို၊ ရှု ကြည့် ၍ ခ စား ခွင့်၊ စုံ လင် သော အ လေ့ အ လာ၌ ကျင် လည် သူ့ ကို၊ အ မှု ဆောင် ခွင့် ပေး ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible6 သစ္စာရှိသော ပြည်သားတို့သည် ငါ့ထံမှာနေမည်အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏အမှုကိုဆောင်ရွက်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-