ဂလာတိ 5:11 - Common Language Bible11 သို့ရာတွင်ညီအစ်ကိုတို့၊ အကယ်၍ ငါသည် အရေဖျားလှီးမင်္ဂလာကိုဆက်လက်ဟောပြော နေသည်ဟုဆိုသည်မှာမှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်နေရပါသေး သနည်း။ အကယ်၍ယင်းသို့ဟောပြောသည်ဟု ဆိုသည်မှာမှန်လျှင် ခရစ်တော်၏လက်ဝါးကပ် တိုင်တရားတော်အကြောင်း ငါဟောပြောမှု သည်ဒုက္ခပေးလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible11 ညီ အစ် ကို တို့၊ လှီး ဖြတ် ခြင်း မင်္ဂ လာ တ ရား ကို ငါ ဟော လျက် နေ သေး သည် မှန် လျင် ကား တိုင့် ဆိုင် ရာ တိုက် လဲ ရာ တိုက် လဲ ကြောင်း ပယ် ဖျက် ပြီ ဖြစ်၍ အ ဘယ့် ကြောင့် ညှဉ်း ပန်း ခံ ရ တော့ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible11 တစ်ဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ညီအစ်ကိုမောင်နှမတို့… အရေပြားလှီးခြင်းမင်္ဂလာတရား လိုအပ်ကြောင်းကို ကျွန်ုပ်ဟောပြောနေသေးလျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရသေးသနည်း။ ထိုသို့ ဟောပြောသည်မှန်လျှင် ကျွန်ုပ်ဟောပြောသည့် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံခြင်းအကြောင်းသည် အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ပေ။ အခန်းကိုကြည့်ပါ။ |
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။-
သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-