Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 3:21 - Common Language Bible

21 ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သို့ ဖြစ် လျင် ပ ညတ် တ ရား တော် သည် ဘု ရား သ ခင့် ဂ တိ တော် များ နှင့် ဆန့် ကျင် သ လော။ မ ဖြစ် စေ ရာ။ အ ကယ်၍ အ သက် ရှင် စေ နိုင် သော တ ရား တစ် ပါး ကို ပေး ထား တော် မူ ပြီး ဖြစ် လျှင် ထို တ ရား ကြောင့် ဖြောင့် မတ် ရာ ရောက် ခွင့် ရ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်၏ က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ ထို​သို့ မ​ဖြစ်​နိုင်​ရာ။ အ​သက်​ရှင်​စေ​နိုင်​သော ပ​ညတ်​တ​ရား​ကို ပေး​တော်​မူ​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် ထို​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သို့ဖြစ်လျှင် ပညတ်တရား​သည် ဘုရားသခင်​၏ ကတိတော်​နှင့် ဆန့်ကျင်​နေသလော။ လုံးဝ​မဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရား​သည် အသက်​ကို ရှင်​စေနိုင်​လျှင် ထို​ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မှာ အသေအချာ​ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:21
18 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။


သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။


မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။


``ဘု​ရား​သ​ခင်​သည်​မ​တ​ရား'' ဟု​အ​ဘယ် နည်း​နှင့်​မျှ​မ​ဆို​နိုင်။ အ​ကယ်​၍​ကိုယ်​တော် သည်​မ​တ​ရား​ပါ​မူ အ​ဘယ်​သို့​လျှင်​ကမ္ဘာ လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​နိုင်​မည် နည်း။


သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။-


ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-


သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။-


ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-


ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။


ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။-


ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။


ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။-


မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ