ဂလာတိ 3:20 - Common Language Bible20 သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible20 စေ့ စပ် သူ ဆို သော် တစ် ဖက် တည်း နှင့် မ ဆိုင်။ ဘု ရား သ ခင် ကား တစ် ဆူ တည်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible20 အာမခံမည်သည်ကား၊ တစ်ဖက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ဖက်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ကြားဝင်စေ့စပ်သူသည် တစ်ဖက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်းဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ကြားဝင်စေ့စပ်သူဟု ဆိုသော် နှစ်ဖက်နှင့် ဆိုင်၏။ သို့သော် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ရာတွင် ကတိပြုသူမှာ ဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။