Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 6:16 - Common Language Bible

16 သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင်္ဘော အ ပေါ် ပတ် လည် ၌ တစ် တောင် ကျယ် သော လေ သာ ပေါက် ကို လုပ် ရ မည်။ သင်္ဘော နံ ဘေး ၌ လည်း တံ ခါး ကို လုပ် လျက် အောက် ထပ်၊ အ လယ် ထပ်၊ အ ပေါ် ထပ် ဟူ၍ သုံး ထပ် လည်း ရှိ စေ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​ပေါ်၌​လည်း​အ​မိုး​ကို​လုပ်​ရ​မည်။ ထို​အ​မိုး​အ​ပေါ်​အ​လယ်​ချက်၌၊ ထိပ်​အုပ်​အ​နံ​တစ်​တောင်​အ​ကျယ် ရှိ​စေ​ရ​မည်။ သင်္ဘော​နံ​တစ်​ဖက်၌​လည်း တံ​ခါး​ကို​လုပ်​ရ​မည်။ အောက်​ဆင့်၊ အ​လယ်​ဆင့်၊ အ​ပေါ်​ဆင့်​ဟူ၍၊ သုံး​ဆင့်​ကို​လည်း ရှိ​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်္ဘော​အတွက် အမိုး​လုပ်​၍ ၎င်း​ကို ကိုယ်ထည်​အထက် တစ်တောင်​အမြင့်​တွင်​ရှိ​စေ​ရ​မည်​။ သင်္ဘော​၏​နံဘေး​တွင် တံခါးပေါက်​ကို လုပ်​ရ​မည်​။ သင်္ဘော​ကို ပထမ​ထပ်​၊ ဒုတိယ​ထပ်​နှင့်​တတိယ​ထပ်​ဟူ၍ သုံး​ထပ်​တည်ဆောက်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 6:16
9 ပူးပေါင်းရင်းမြစ်များ  

သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-


သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-


အ​ရက်​လေး​ဆယ်​လွန်​သော်​နော​ဧ​သည်​ပြူ​တင်း ပေါက်​ကို​ဖွင့်​၍ ကျီး​အ​တစ်​ကောင်​ကို​လွှတ် လိုက်​၏။-


သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။-


ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-


ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-


ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။-


အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ