Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 43:32 - Common Language Bible

32 ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ယော သပ် အ ဖို့ တစ် ပွဲ၊ ညီ အစ် ကို တို့ အ ဖို့ တစ် ပွဲ၊ ယော သပ် နှင့် စား သော အိ ဂျစ် လူ တို့ အ ဖို့ တစ် ပွဲ၊ တည် ခင်း ကြ၏။ အိ ဂျစ် လူ တို့ သည် ဟေ ဗြဲ လူ တို့ နှင့် အ တူ မ စား ရ။ စား လျှင် အိ ဂျစ် လူ တို့ သည် ရွံ ရှာ ဖွယ် မှတ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထိုအခါ ယောသပ်​အတွက်​တစ်​ပွဲ​၊ ယောသပ်​၏​ညီအစ်ကို​တို့​အတွက်​တစ်​ပွဲ​၊ ယောသပ်​နှင့်အတူ​စား​သော​အီဂျစ်​လူမျိုး​တို့​အတွက်​တစ်​ပွဲ သီးသန့်စီ​ပြင်ဆင်​ကြ​၏​။ အကြောင်းမှာ အီဂျစ်​လူမျိုး​တို့​သည် ဟေဗြဲ​လူမျိုး​တို့​နှင့်အတူ အစားအစာ​မ​စား​ရ​။ အတူတူ​စား​ခြင်း​သည် အီဂျစ်​လူမျိုး​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 43:32
4 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-


ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။


ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-


သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ