Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 42:16 - Common Language Bible

16 သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ စ ကား မှန် မ မှန် စစ် ဆေး ရန်၊ အ ကျဉ်း ခံ နေ ကြ ရ မည်။ သင် တို့ အ နက် တစ် ဦး တစ် ယောက် ကို စေ လွှတ် ၍၊ ညီ ထွေး ဆို သူ ကို ခေါ် ခဲ့ စေ။ သို့ မ ဟုတ် သူ လျှို အ မှန် ဖြစ် ကြ မည် ဟူ၍၊ ဖာ ရော မင်း ၏ အ သက် တော် ကို တိုင် တည် လျက် ငါ ပြော သည် ဟု ဆို ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​တို့​၏​စကား​မှန်​သည်​၊ မမှန်​သည်​ကို​စစ်ဆေး​ရန် သင်​တို့​သည် အကျဉ်းချ​ခံရ​မည်​။ သို့သော် သင်​တို့​ထဲမှ တစ်​ယောက်​ကို​စေလွှတ်​၍ သူ​သည် သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​လာ​ပါစေ​။ သို့မဟုတ်လျှင် သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​သည်​ဟု ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ ငါ​ပြော​သည်​”​ဟု သူ​တို့​အား ဆို​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 42:16
4 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။


သူ​တို့​က``အီ​ဂျစ်​ပြည်​ကို​အ​စိုး​ရ​သူ​သည် ကျွန် တော်​တို့​အား​ခက်​ထန်​စွာ​ပြော​ဆို​ဆက်​ဆံ​ပါ သည်။ ကျွန်​တော်​တို့​သည်​သူ​၏​တိုင်း​ပြည်​ကို ထောက်​လှမ်း​သော​သူ​လျှို​များ​ဖြစ်​သည်​ဟု စွပ်​စွဲ​ပါ​သည်။-


အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။


ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ