ကမ္ဘာဦး 40:11 - Common Language Bible11 ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဖာ ရော မင်း ၏ ဖ လား တော် ကို ငါ ကိုင် လျက် ထို စ ပျစ် သီး ကို ယူ၍ ဖ လား တော်၌ ညှစ် ပြီး မှ လက် တော် ရောက် ဆက် သ ရ သည် ဟု ယော သပ် အား အိပ် မက် ကို ပြန် ပြော လေ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ငါသည် ဖာရောမင်းကြီး၏ခွက်ဖလားကိုကိုင်ထားလျက် ထိုစပျစ်သီးတို့ကိုယူ၍ ဖာရောမင်းကြီး၏ခွက်ဖလားထဲသို့ညှစ်ထည့်ပြီးလျှင် ထိုခွက်ဖလားကို ဖာရောမင်းကြီး၏လက်သို့ဆက်သ၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။