Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 39:1 - Common Language Bible

1 ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယော သပ် ကို ကား အိ ဂျစ် ပြည် သို့ ဆောင် သွား ကြ ရာ ထို ပြည် သား၊ ဖာ ရော မင်း၏ အ မတ် ဖြစ် သူ၊ ကိုယ် ရံ တော် မှုး ပေါ တိ ဖာ သည် ဆောင် ခဲ့​သော ဣ ရှ မေ လ လူ တို့ လက် မှ ဝယ် ယူ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဣ​ရှ​မေ​လ​လူ​တို့​သည် ယော​သပ်​ကို​ဆောင်​သွား၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး​ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယောသပ်​သည် အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ ထို​ပြည်​သို့​ရောက်​သောအခါ အီဂျစ်​အမျိုးသား​၊ ဖာရော​မင်းကြီး​၏​မှူးမတ်​၊ ကိုယ်ရံတော်မှူး ပေါတိဖာ​သည် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​လက်​မှ ဝယ်ယူ​လိုက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 39:1
7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။-


ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။


ထို​အ​ချိန်​အ​တော​အ​တွင်း​အီ​ဂျစ်​၌​မိ​ဒျန် အ​မျိုး​သား​တို့​သည် ဖာ​ရော​ဘု​ရင်​၏​အ​ရာ​ရှိ တစ်​ဦး​ဖြစ်​သူ​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ ထံ​၌​ယော​သပ်​အား​ရောင်း​ကြ​လေ​သည်။


ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-


ထို​နောက်​ယော​သပ်​က``ကျွန်ုပ်​အ​နား​သို့​လာ​ကြ ပါ'' ဟု​ဆို​သ​ဖြင့်​သူ​တို့​သည်​ယော​သပ်​အ​နား သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယော​သပ်​က``ကျွန်ုပ်​သည် သင်​တို့​အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​သော​သင်​တို့ ၏​ညီ​ယော​သပ်​ဖြစ်​ပါ​သည်။-


ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။


``လူ​မျိုး​၏​အ​ဖ​တို့​သည်​မိ​မိ​တို့​ညီ​ယော​သပ် အား​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ စေ​ရန်​ရောင်း​လိုက်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သည် ဖြစ်​၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ