Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 35:18 - Common Language Bible

18 သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သေ လ တ္တံ့ သော ရာ ခေ လ သည် အ သက် ထွက် လု ဆဲ ဆဲ တွင် ထို သား ကိုဗေ နော နိ ဟု အ မည် မှည့် လေ ၏။ အ ဘ မူ ကား ဗင်္ယာ မိန် ဟု မှည့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ရာခေလ သေဆုံး​လေ​၏​။ သို့သော် အသက်ထွက်​အံ့ဆဲဆဲ​တွင် သား​၏​အမည်​ကို ဗေနောနိ ဟု​မှည့်ခေါ်​၏​။ ဖခင်​မူကား ထို​သား​ကို ဗင်္ယာမိန် ဟု​မှည့်ခေါ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 35:18
18 ပူးပေါင်းရင်းမြစ်များ  

ရာ​ခေ​လ​သည်​ယာ​ကုပ်​နှင့်​သား​သ​မီး​မ​ထွန်း ကား​သ​ဖြင့် အစ်​မ​ကို​မ​နာ​လို​ဖြစ်​ပြီး​လျှင် ယာ​ကုပ်​အား``ကျွန်​မ​တွင်​သား​သ​မီး​မ​ရ ပါ​က​သေ​ရ​ပါ​တော့​မည်'' ဟု​ပြော​လေ​၏။


သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။-


ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။-


ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-


သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။


ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။


ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။


ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။ နံ​နက်​နှင့်​ည​နေ​အ​ချိန်​၌​သား​ကောင်​ကို ကိုက်​ဖြတ်​၍​စား​တတ်​၏'' ဟု​မြွက်​ဆို​၏။


ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။


ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင် ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။


ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-


သူ​တို့​သည်​ရေ​ငတ်​ဆာ​လောင်​သ​ဖြင့်​မိ​ခင် များ​ထံ​တွင် ငို​ကြွေး​လျက်​နေ​ကြ​၏။ ဒဏ်​ရာ​ရ​သူ​များ​ကဲ့​သို့​သူ​တို့​သည် လမ်း​များ​ပေါ်​တွင်​လဲ​ကျ​ကာ မိ​ခင်​များ​၏​ရင်​ခွင်​၌​တ​ဖြည်း​ဖြည်း သေ​ဆုံး​သွား​ရ​ကြ​လေ​သည်။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။


ဤ​သို့​သူ့​ကို​ကျောက်​ခဲ​နှင့်​ပေါက်​နေ​ကြ​စဉ် သ​တေ​ဖန်​သည်``အို သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏ ဝိ​ညာဉ်​ကို​သိမ်း​ပိုက်​တော်​မူ​ပါ'' ဟု​ဆု​တောင်း ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ