Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:10 - Common Language Bible

10 ``တိ​ရစ္ဆာန်​များ​မိတ်​လိုက်​ချိန်​၌​ငါ​သည်​အိပ်​မက် မြင်​မက်​ရာ​အိပ်​မက်​ထဲ​တွင်​မိတ်​လိုက်​နေ​သော တိ​ရစ္ဆာန်​အ​ထီး​တို့​သည် အ​ကွက်၊ အ​ပြောက်၊ အ​ကျား​များ​ပါ​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သိုး ဆိတ် များ သည် မိတ် လိုက် ကြ သော အ ခါ အိပ် မက် တွင် ငါ မျှော် ကြည့် ရာ အ မ တို့ နှင့် ပေါင်း ဖော် သော အ ထီး တို့ သည် အ ကျား၊ အ ပြောက်၊ အ ကွက် ရှိ ကြ သည် ကို ငါ မြင် ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ ယှက်​တင်​ကြ​သော​အ​ခါ၊ ငါ​မျှော်​ကြည့်၍၊ တိ​ရ​စ္ဆာန်​မ​တို့​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော​အ​ဆင်း​ရှိ​ကြောင်း​ကို အိပ်​မက်၌​ငါ​မြင်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သိုးဆိတ်​တို့​မိတ်လိုက်​ရာသီ​၌ ငါ​မျှော်ကြည့်​လိုက်​ရာ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်ကြောင်း အိပ်မက်​ထဲတွင် ငါ​တွေ့မြင်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:10
11 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။


``သင်​တို့​တွင်​ပ​ရော​ဖက်​သို့​မ​ဟုတ် အိပ်​မက် ကို​ဖတ်​တတ်​သူ​တစ်​ဦး​ဦး​က၊-


``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-


ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-


သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။


ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-


အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-


ထို​သို့​အား​ဖြင့်​ဘု​ရား​သ​ခင်​သည်​သင်​၏ ဖ​ခင်​ထံ​မှ​ဆိတ်​အုပ်​တို့​ကို​ယူ​၍​ငါ့​အား ပေး​တော်​မူ​ပြီ။


အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​က`ယာ​ကုပ်' ဟု​ခေါ်​လျှင်​ငါ​က`ရှိ​ပါ သည်​အ​ရှင်' ဟု​ထူး​သော်၊-


ကောင်း​ကင်​တ​မန်​က`သင့်​အား​လာဗန်​ပြု​မူ သ​မျှ​တို့​ကို​ငါ​မြင်​ရ​သ​ဖြင့် မိတ်​လိုက်​နေ သော​ဆိတ်​အ​ထီး​အား​လုံး​တို့​သည် အ​ကွက်၊ အ​ပြောက်​အ​ကျား​များ​ပါ​ရှိ​စေ​ရန်​ငါ စီ​ရင်​ပြီ။-


တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ