ကမ္ဘာဦး 3:18 - Common Language Bible18 မြေမှဆူးချုံနှင့်ပေါင်းပင်များပေါက်လိမ့်မည်။ သင်သည်အရိုင်းပေါက်သောအပင်တို့ကိုစား ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ဆူး ပင် ပေါင်း ပင် လည်း သင် အ ဖို့ မြေ က ပေါက် ရ မည်။ ကွင်း ပြင် မှ ထွက် သော ကောက် ပဲ များ ကို သင် စား ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible18 ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်သည်ဂျုံစပါးကိုစိုက်ပျိုး သော်လည်း ဆူးပင်များကိုရိတ်သိမ်းရကြ၏။ သူတို့သည်အလုပ်ကိုကြိုးစား၍လုပ်သော် လည်း အဘယ်သို့မျှအကျိုးမရှိ။ ငါ၏အမျက်တော်ပြင်းထန်မှုကြောင့် သူတို့သည်ရှက်ကြောက်ခြင်းသီးနှံကို ရိတ်သိမ်း ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။