ကမ္ဘာဦး 3:14 - Common Language Bible14 ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခါ မြွေ အား ထာ၀ ရ ဘု ရား သ ခင် က၊ ဤ အ မှု ကို ပြု သော ကြောင့် သား ယဉ် သား ရဲ အ ပေါင်း တို့ အ နက် သင် သည် အမင်္ဂ လာ ကို ခံ ရ လျက် တစ် သက် လုံး ၀မ်း ဖြင့် တွား ၍ မြေ မုန့် ကို စား ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံးစားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ထာဝရအရှင်ဘုရားသခင်က မြွေအား “သင် ဤသို့ပြုသောကြောင့် တိရစ္ဆာန်အယဉ်နှင့် တိရစ္ဆာန်အရိုင်းအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဗိုက်ဖြင့်တွားသွား၍ အသက်ရှင်သမျှကာလပတ်လုံး မြေမှုန့်ကိုစားရမည်။ အခန်းကိုကြည့်ပါ။ |
ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-