ကမ္ဘာဦး 27:29 - Common Language Bible29 တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 လူ မျိုး တို့ သည် သင့် ထံ ကျွန် ခံ၍ လူ စု တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင် သည် ညီ အစ် ကို တို့၏ အ ရှင် ဖြစ် လျက် သင့် အ မိ သား တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင့် ကို အ မင်္ဂ လာ ပေး သူ တို့ သည် အ မင်္ဂ လာ ခံ ရ ကြ စေ သော။ သင့် ကို မင်္ဂ လာ ပေး သူ တို့ သည် မင်္ဂ လာ ခံ ရ ကြ စေ သ တည်း ဟု ကောင်း ကြီး ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 သူတစ်ပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကိုခံရကြစေသတည်း။ သင့်ကို ကောင်းချီးပေးသောသူအပေါင်းတို့သည် ကောင်းချီးကိုခံရကြစေသတည်းဟု ကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။