ကမ္ဘာဦး 23:16 - Common Language Bible16 အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 အာ ဗြ ဟံ သည် ဧ ဖ ရုန် စ ကား ကို ကြား နာ သ ဖြင့် ဟေ သ အ မျိုး သား တို့ ရှေ့ ဧ ဖ ရုန့် စ ကား အ တိုင်း ကုန် သည် သုံး ငွေ လေး ပိဿာ ကို ချိန်၍ သူ့ အား ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-