ကမ္ဘာဦး 22:6 - Common Language Bible6 အာဗြဟံသည်ယဇ်ပူဇော်ရန်ထင်းကိုဣဇာက် အားသယ်စေ၍ သူကိုယ်တိုင်ကမူဋ္ဌားနှင့်မီး ပျိုးရန်မီးခဲကိုယူဆောင်ခဲ့လေသည်။ သူတို့ အတူတကွလျှောက်လာကြစဉ်၊- အခန်းကိုကြည့်ပါ။Garrad Bible6 ထို အ ခါ ပူ ဇော် သ က္ကာ ရှို့ ရန် ထင်း ကို ယူ၍ သား ဣ ဇာက် ထမ်း စေ ပြီး လျှင် မီး နှင့် ဓား ကို ကိုယ် တိုင် ကိုင် ဆောင် လျက် နှစ် ယောက် အ တူ သွား ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍၊ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့်ဓားကို မိမိလက်၌ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အာဗြဟံသည် မီးရှို့ရာယဇ်အတွက် ထင်းကိုယူ၍ မိမိသားဣဇက်အားထမ်းစေပြီးလျှင် မိမိလက်၌ မီးနှင့်ဓားကိုကိုင်ဆောင်လျက် သူတို့နှစ်ယောက် အတူတူဆက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-