ကမ္ဘာဦး 2:14 - Common Language Bible14 တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible14 တ တိ ယ မြစ် ကား တိ ဂ ရစ် အ မည် ရှိ၏။ ထို မြစ် သည် အာ ရှု ရိ တိုင်း အ ရှေ့ သို့ စီး သွား လေ၏။ စ တု တ္ထ မြစ် ကား ဥ ဖ ရတ် အ မည် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-
စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-