Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 17:23 - Common Language Bible

23 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို နာ​ခံ​၍ သူ​၏​သား​ဣ​ရှ​မေ​လ၊ အိမ်​၌​ပေါက် ဖွား​သော​ကျေး​ကျွန်​နှင့်​ငွေ​ဝယ်​ကျွန်​များ အ​ပါ​အ​ဝင်​အိမ်​သား​ယောကျာ်း​အ​ပေါင်း​တို့ အား ထို​နေ့​ချင်း​၌​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ပေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 အာ ဗြ ဟံ လည်း သား ဣ ရှ မေ လ မှ စ ၍ အိမ် ပေါက် သား၊ ငွေ၀ယ် သား၊ အာ ဗြ ဟံ၏ အိမ် နေ ယောက်ျား အ ပေါင်း တို့ ကို ခေါ် ယူ ၍ ဘု ရား သ ခင် မိန့် တော် မူ သည့် အ တိုင်း ထို နေ့ ချင်း တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို ပေး လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထိုအခါ အာဗြဟံ​သည် မိမိ​သား​ဣရှမေလ​မှစ၍ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ မိမိ​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် အာဗြဟံ​၏​အိမ်သူအိမ်သား​များ​ထဲမှ ယောက်ျား​အားလုံး​ကို​ခေါ်​၍ မိမိ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ထို​နေ့​၌​ပင် သူ​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​မင်္ဂလာ​ကို ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 17:23
16 ပူးပေါင်းရင်းမြစ်များ  

သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-


တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-


သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။


မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။


နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။


ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။


ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-


ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။


လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ